မင်္ဂလာဧည့်ခံပွဲ/ပုံဥပမာ
22
တစ်ဖန် ယေရှု/သည် သူတို့/အား ပုံဥပမာများ/ဖြင့် မိန့်တော်မူ၏။ 2 ယေရှု/က “ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ ဘုရင်တစ်ပါး/သည် မိမိ/သား/အတွက် မင်္ဂလာဧည့်ခံပွဲ/ကို ကျင်းပပေး၏။ 3 ထို/ဘုရင်/သည် မင်္ဂလာဧည့်ခံပွဲ/သို့ ဖိတ်ခေါ်ခံထားရသော/သူများ/ကို ခေါ်/ရန် အစေအပါးတို့/အား စေလွှတ်၏။ သို့သော် ထို/သူတို့/သည် လာ/ရန်/ငြင်းဆိုကြ၏။
4 နောက်တစ်ဖန် သူ/သည် အခြား/အစေအပါးတို့/ကို စေလွှတ်/၍ ‘ဧည့်ခံပွဲ/ကို ငါ/ပြင်ဆင်ထားပြီ။ နွားများ/နှင့် ဆူဖြိုးသော/နွားကလေးများ/ကိုလည်း သတ်ထားပြီ။ အရာ/အားလုံး အဆင်သင့်/ဖြစ်ပြီ။ မင်္ဂလာဧည့်ခံပွဲ/သို့ လာကြပါ/ဟူ၍ ဖိတ်ခေါ်ခံထားရသော/သူများ/အား ပြောကြလော့’ ဟု မှာလိုက်ပြန်၏။ 5 သို့သော်လည်း ဖိတ်ခေါ်ခံထားရသော/သူများ/သည် လျစ်လျူရှု/၍ တချို့/သည် မိမိ/လယ်/သို့/လည်းကောင်း၊ တချို့/သည် ကုန်သွယ်ရာ/သို့/လည်းကောင်း ထွက်သွားကြ၏။ 6 အခြားသောသူတို့/က ဘုရင်/၏/အစေအပါးတို့/ကို ဖမ်းချုပ်/၍ နှိပ်စက်/ကာ သတ်ဖြတ်ကြ၏။
7 ထိုအခါ ဘုရင်/သည် အမျက်ထွက်/၍ သူ/၏/တပ်/ကို စစ်ချီစေ/ပြီး ထို/လူသတ်သမားများ/ကို သတ်/ကာ သူတို့/၏/မြို့/ကို မီးရှို့စေ၏။ 8 ထို့နောက် သူ/၏ အစေအပါးတို့/အား ‘မင်္ဂလာ/ဧည့်ခံပွဲ/သည် အဆင်သင့်/ဖြစ်ပြီ။ သို့သော် ဖိတ်ခေါ်ခံထားရသော/သူများ/သည် မင်္ဂလာပွဲ/နှင့် မထိုက်တန်ကြပါ။ 9 ထို့ကြောင့် လမ်းဆုံလမ်းခွများ/သို့ သွား/၍ တွေ့/သမျှသော/သူတို့/ကို မင်္ဂလာ/ဧည့်ခံပွဲ/သို့ ဖိတ်ခေါ်ခဲ့ကြလော့’ ဟု အမိန့်ပေးလေ၏။ 10 ထို/အစေအပါးတို့/သည် လမ်းများ/သို့/သွား/၍ တွေ့သမျှ/လူဆိုး၊ လူကောင်းတို့/ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမ/သည်လည်း ဧည့်သည်များ/နှင့် ပြည့်လေ၏။
11 ဘုရင်/သည် ဧည့်သည်များ/ကို ကြည့်ရှု/ရန် ရောက်လာ/သောအခါ မင်္ဂလာပွဲ/ဝတ်စုံ/မဝတ်ဆင်ထားသော လူတစ်ဦး/ကို သတိထားမိလေ၏။ 12 ထိုအခါ ဘုရင်/က ‘မိတ်ဆွေ… မင်္ဂလာပွဲ/ဝတ်စုံ/ကို မဝတ်ဘဲ မည်သို့/ရောက်လာသနည်း’ ဟု မေးတော်မူ၏။ သို့သော် ထို/သူ/သည် မဖြေနိုင်ဘဲ/ရှိ၏။ 13 ထိုအခါ ဘုရင်/က အခြွေအရံတို့/အား ‘သူ/၏ ခြေလက်တို့/ကို ချည်/၍ အပြင်ဘက်/အမှောင်/ထဲသို့ ပစ်လိုက်ကြလော့။ ထို/နေရာ/၌ သူသည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်’ ဟု ဆိုလေ၏။
14 အဘယ်ကြောင့်ဆိုသော် ဖိတ်ခေါ်ခံရသူ/များစွာ ရှိ/သော်လည်း ရွေးကောက်ခံရသူ/မှာ အနည်းငယ်/သာ ရှိသောကြောင့်/ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဆီဇာဘုရင်/အား အခွန်/ပေးဆောင်ခြင်း
15 ထိုအခါ ဖာရိရှဲတို့/သည် စုဝေး/လျက် ယေရှု/မိန့်တော်မူ/မည့် စကားတော်/ထဲမှ အမှား/ကို ရှာ/၍ ဖမ်းဆီး/ရန် တိုင်ပင်ကြ၏။ 16 ထို့နောက် သူတို့/၏/တပည့်များ/ကို ဟေရုဒ်/ဘက်တော်သားများ/နှင့်တကွ ယေရှု/ထံတော်သို့ စေလွှတ်/၍ “ဆရာတော်… ဆရာတော်/သည် ဖြောင့်မှန်သော/သူ/ဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့/သိကြပါ၏။ ဆရာတော်/သည် လူ့/မျက်နှာ/ကို မထောက်ဘဲ ဘုရားသခင်/၏/တရားလမ်း/အား မှန်ကန်/စွာ သွန်သင်တတ်ပါ၏။ 17 သို့ဖြစ်၍ ဆရာတော် မည်သို့/ထင်မြင်သည်/ကို အကျွန်ုပ်တို့/အား/ပြောပါ။ ဆီဇာဘုရင်/အား အကျွန်ုပ်တို့/က အခွန်/ပေးဆောင်ခြင်း/သည် ပညတ်တော်/နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
18 သို့သော်လည်း ယေရှု/သည် ထို/သူတို့/၏ ဆိုးညစ်သော/အကြံအစည်/ကို သိတော်မူ/သဖြင့် “သူတော်ကောင်း/ယောင်ဆောင်သူတို့… သင်တို့/သည် အဘယ်ကြောင့်/ငါ့/ကို ထောင်ချောက်ဆင်ဖမ်း/ရန် ကြိုးစားကြသနည်း။ 19 အခွန်ဆောင်ရာ/တွင်/သုံးသည့် ဒင်္ဂါးပြား/တစ်ပြား/ကို ပြလော့” ဟု မိန့်တော်မူ/လျှင် သူတို့/သည် ဒင်္ဂါးပြားa/တစ်ပြား/ကို ယူခဲ့ကြ၏။ 20 ထိုအခါ ယေရှု/က “ဤ/ဒင်္ဂါးပြား/ပေါ်၌ မည်သူ့/ပုံ/နှင့် မည်သူ့/အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။
21 သူတို့/က “ဆီဇာဘုရင်/၏ ပုံ/နှင့်/အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှု/က “သို့ဖြစ်လျှင် ဆီဇာဘုရင်/နှင့်/ဆိုင်သော/အရာများ/ကို ဆီဇာဘုရင်/အား ပေးဆောင်ကြလော့။ ဘုရားသခင်/နှင့်/ဆိုင်သော/အရာများ/ကို ဘုရားသခင်/အား ပေးဆောင်ကြလော့” ဟု ထို/သူတို့/အား မိန့်တော်မူ၏။
22 ဤသို့/မိန့်တော်မူသည်/ကို သူတို့/သည် ကြား/လျှင် အံဩ/၍ ကိုယ်တော်/ထံမှ/ထွက်သွားကြ၏။
သေရာ/မှ/ပြန်ရှင်ခြင်း/အကြောင်း ဆွေးနွေးခြင်း
23 ထိုနေ့/၌ပင် ဇဒ္ဒုကဲတို့/သည် ယေရှု/ထံသို့ လာကြ၏။ ဇဒ္ဒုကဲတို့/က သေလွန်သော/သူတို့/သည် ရှင်ပြန်ထမြောက်ခြင်း/မရှိ/ဟု ခံယူကြ၏။ 24 သူတို့/က ယေရှု/အား “ဆရာတော်… ဇနီး/ရှိသော/လူ/တစ်ဦး/သည် သားသမီး/မထွန်းကားဘဲ သေဆုံးသွား/လျှင် ညီ/ဖြစ်သူ/က ထို/အမျိုးသမီး/ကို လက်ထပ်ယူ/၍ အစ်ကို/ဖြစ်သူ/၏ မျိုးဆက်/မပြတ်/စေရန် ဆောင်ရွက်ရမည်b/ဟု မောရှေ/ညွှန်ကြားခဲ့ပါ၏။ 25 ကျွန်ုပ်တို့/တွင် ညီအစ်ကို ခုနစ်ဦး/ရှိ၏။ အစ်ကိုကြီး/သည် အိမ်ထောင်ပြု/ပြီး သားသမီး/မထွန်းကားဘဲ ကွယ်လွန်၏။ ထို့ကြောင့် သူ/၏/ဇနီး/ကို ညီ/ဖြစ်သူ/က ယူရ၏။ 26 ထို/နည်းတူ ဒုတိယမြောက်/ညီ၊ တတိယမြောက်/ညီ စသည်ဖြင့် ညီအစ်ကို/ခုနစ်ဦးလုံး/သည် ထို/အမျိုးသမီး/ကို ယူ/၍ သားသမီး/မထွန်းကားဘဲ ကွယ်လွန်ကြ၏။ 27 နောက်ဆုံး/၌ ထို/အမျိုးသမီး/သည်လည်း ကွယ်လွန်သွား၏။ 28 ညီအစ်ကို/ခုနစ်ဦးလုံး/နှင့် ပေါင်းဖက်ခဲ့သူ/ဖြစ်/သောကြောင့် သေရာ/မှ/ရှင်ပြန်ထမြောက်မည့်/ကာလ/တွင် ထို/အမျိုးသမီး/သည် မည်သူ/၏ ဇနီး/ဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။
29 ယေရှု/က “သင်တို့/သည် ကျမ်းစာ/ကို/လည်းကောင်း၊ ဘုရားသခင်/၏/တန်ခိုးတော်/ကို/လည်းကောင်း မသိ/သောကြောင့် အယူလွဲနေကြ၏။ 30 သေရာ/မှ/ရှင်ပြန်ထမြောက်မည့်/ကာလ/တွင် လူတို့/သည် လက်ထပ်ယူခြင်း/နှင့် လက်ထပ်/ပေးစားခြင်း/ကို ပြုကြမည်/မဟုတ်။ ထို/သူတို့/သည် ကောင်းကင်ဘုံ/ရှိ ကောင်းကင်တမန်များ/ကဲ့သို့/ဖြစ်ကြ/လိမ့်မည်။
31-32 သေလွန်သော/သူတို့/ရှင်ပြန်ထမြောက်ခြင်း/နှင့်/ပတ်သက်၍ အာဗြဟံ၊ ဣဇာက်/နှင့် ယာကုပ်/တို့ သေလွန်/ပြီးနောက် အချိန်/ကြာမြင့်/ပြီးမှ/လည်း ဘုရားသခင်/က ‘ငါ/သည် အာဗြဟံ/၏/ဘုရား၊ ဣဇာက်/၏/ဘုရား၊ ယာကုပ်/၏/ဘုရား/ဖြစ်၏’ ဟု မိန့်တော်မူသည်/ကို ကျမ်းစာ/၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်/သည် သေလွန်သော/သူတို့/၏ ဘုရား/မဟုတ်ပါ။ အသက်ရှင်သော/သူတို့/၏ ဘုရား/ဖြစ်၏” ဟု မိန့်တော်မူ၏။
33 ထို/အရာ/ကို လူထု/ပရိသတ်တို့/သည် ကြား/သောအခါ ယေရှု/၏ သွန်သင်ချက်/အပေါ် အံ့ဩကြ၏။
အရေးကြီးဆုံးသော/ပညတ်တော်
34 ယေရှု/က ဇဒ္ဒုကဲများ/ကို နှုတ်ဆိတ်သွား/စေတော်မူကြောင်း ဖာရိရှဲတို့/ကြား/လျှင် ကိုယ်တော်/ထံသို့/စုဝေးလာကြ၏။ 35 သူတို့/အထဲမှ ကျမ်းတတ်/ပညာရှင်/တစ်ဦး/က ယေရှု/အား 36 “ဆရာတော်… ပညတ်ကျမ်း/ထဲတွင် မည်သည့်/ပညတ်တော်/သည် အရေးကြီးဆုံး/ဖြစ်သနည်း” ဟု ထောင်ချောက်ဆင်/၍ မေးလျှောက်လေ၏။
37 ယေရှု/က “ ‘သင်/၏/ဘုရားသခင် ထာဝရဘုရား/ကို စိတ်နှလုံး/အကြွင်းမဲ့၊ စိတ်ဝိညာဉ်/တစ်ခုလုံး၊ ဉာဏ်/ရှိသမျှ/နှင့် ချစ်လော့’c 38 ဟူသော/ပညတ်တော်/သည် ပထမဆုံး/နှင့် အကြီးမြတ်ဆုံး/ဖြစ်၏။ 39 ဒုတိယ/ပညတ်တော်/သည်လည်း ထို/နည်းတူ/ဖြစ်/၍ ‘ကိုယ်/နှင့်/သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်/အမျှ ချစ်လော့’d ဟူ၍ ဖြစ်၏။ 40 ပညတ်ကျမ်း/နှင့် ပရောဖက်ကျမ်း/ရှိသမျှတို့/သည် ထို/ပညတ်တော်/နှစ်ချက်/အပေါ်တွင် အခြေခံသည်” ဟု မိန့်တော်မူ၏။
ခရစ်တော်/သည် မည်သူ/၏/သားတော်/ဖြစ်သနည်း
41 ထို့နောက် ဖာရိရှဲတို့/သည် စုဝေးနေကြ/စဉ် ယေရှု/က 42 “ခရစ်တော်e/ကို မည်သို့/ထင်မှတ်ကြသနည်း။ မည်သည့်/မျိုးဆက်/မှ မွေးဖွားလာသော/သူ/ဖြစ်သနည်း” ဟု မေးတော်မူ/လျှင် ဖာရိရှဲတို့/က “ဒါဝိဒ်မင်း/၏ သားတော်/ဖြစ်သည်” ဟု လျှောက်ကြ၏။
43 ယေရှု/က “ထိုသို့/ဖြစ်လျှင် ဒါဝိဒ်မင်း/သည် ဝိညာဉ်တော်/၏/လှုံ့ဆော်မှု/ဖြင့် ခရစ်တော်/ကို အဘယ်ကြောင့် သခင်/ဟု ခေါ်သနည်း။ ဒါဝိဒ်မင်း/က
44 ‘ထာဝရဘုရား/သည် ကျွန်ုပ်/၏ သခင်/အား
“ငါ/၏ လက်ယာဘက်/၌ ထိုင်လော့။
ငါ/သည် သင်/၏/ရန်သူတို့/ကို သင်/၏/ခြေဖဝါး/အောက်/၌ ချထား/လိမ့်မည်” ဟူ၍ မိန့်တော်မူ၏’f
ဟု ဆိုခဲ့၏။
45 ဒါဝိဒ်မင်း/က ခရစ်တော်/ကို သခင်/ဟူ၍ ခေါ်/လျှင် ခရစ်တော်/သည် မည်ကဲ့သို့ ဒါဝိဒ်မင်း/၏/သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
46 ထိုအခါ မည်သူ/မျှ အဖြေ/မပေးနိုင်ကြ။ ထို/နေ့/မှစ၍ ယေရှု/အား မည်သူ/မျှ ထပ်မံ/၍ မမေးလျှောက်ဝံ့ကြပေ။